MgHla's Diary (မောင်လှ ရဲ့ ဒိုင်ယာရီ)
Template Style : Black | White
.

ပုဂံကို ရောက်ခဲ့သေးတယ်...

Thursday, July 02, 2009

၂၀၀၈ နိုဝင်ဘာတုန်းက သခင်ကြီးရယ် ကျတော်ရယ် ပုဂံနက်ရယ် ပုဂံသွားခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်... အဲဒီတုန်းက ကျတော်တို့ လှုပ်ရှားမှုတွေကို သခင်ကြီးက သူ့ရဲ့ Nikon P5100 နဲ့ movie မှတ်တမ်းတင်ခဲ့တယ်... သခင်ကြီးက အဲဒီ video ဖိုင် ကို FaceBook မှာ အခုပြီးခဲ့တဲ့ June လတုန်းက တင်လိုက်တယ်... အဲဒါကို ဆြာရဲလွင်ဦးက သဘောကျတော် မူပြီး ကျတော်တို့နဲ့ အတူ ပုဂံသွားချင်တယ်ဆိုလို့ ပြီးခဲ့တဲ့ လတုန်းက ပုဂံ ရောက်ခဲ့တယ်... ရဲလွင်ဦးက ရန်ကုန်ကနေ ပုဂံလာ၊ ကျတော်နဲ့ သခင်ကြီးက မန္တလေးက နေ ပုဂံသွားပေါ့... သတ်မှတ်ထားတဲ့ ရက်မှာ ကျတော် အလုပ်မပြီးတာနဲ့ သခင်ကြီးကို တစ်ယောက်တည်း သွားခိုင်းပြီး နောက်တစ်ရက် လိုက်ခဲ့ပါ့မယ်လို့ အကြိမ်ကြိမ် ကတိပေးပြီး နောက်တစ်ရက်ကျမှ ကျတော် ပုဂံ သွားဖြစ်တယ်...

ရထားနဲ့ ပုဂံကို တစ်ယောက်တည်းသွား... အလုပ်ပင်ပန်းလို့ အိပ်လိုက်သွားတာ ကျတော် အိပ်ယာနိုးတော့ ရထားတစ်တွဲလုံးမှာ ကျတော် အပါအဝင် လူ ၆-ယောက်လောက်ပဲ ကျန်တော့တယ်... တော်တော်များများက မြင်းခြံမှာ ဆင်းကြတယ်တဲ့လေ... ပုဂံရောက်တော့ သခင်ကြီးနဲ့ ရဲလွင်ဦးတည်းတဲ့ မေခလာ တည်းခိုခန်းကိုသွား... သူတို့ အိပ်ယာ မထကြသေးလို့ မနည်းနှိုးလိုက်ရတယ်... ပုဂံမှာ မြင်းလှည်းငှားပြီးတော့ ဓာတ်ပုံရိုက်ကြတယ်... အဲဒီ ဓာတ်ပုံတွေကို http://photo.MgHla.com မှာ တင်နေကြောင်းပါ...



Bagan Panorama from Mee Nyein Gone Pagoda

Damayangyi Pagoda MaNuHa Pagoda Buddha Images from Lawkananda Pagoda

Buddha Image from Pya Thet Gyi Pagoda Bagan Buddha Image from Bagan တောင်ဘီကျောင်းရောက် နီပေါကိုရင်လေးနှစ်ပါး


My Labels: Diary, a Trip to Bagan, Pagan, Photo

Myanmar Software Conference

Thursday, June 25, 2009

Myanmar Computer Professionals Association (MCPA, Mandalay)
No.304,Rayworld Complex, Bet 32nd Street & Zaw Ti Ka Street , Bet.77th
Street & 78th Street
Mandalay, Ph:09- 6806311, 6806511, 6806911 (Ext-207), email.address .
mcpa.mdy@gmail.com
========================================================================

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင် ITနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA)က ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် တိုင်းနှင့်ပြည်နယ် အသီးသီးသို့ အသင်းခွဲများဖွဲ့စည်းပြီး ရည်ရွယ်ချက်များကို အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်နိုင်ရန် အလေးထား ကြိုးစား ဆောင်ရွက်လျှက်ရှိပါသည်။
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (မန္တလေးတိုင်း) သည် ကွန်ပျူတာနည်းပညာ ပြန့်ပွားရေး၊ ကွန်ပျူတာကိုတွင်ကျယ်စွာ အသုံးပြုလာရေး၊ အဆင့်မီ ကွန်ပျူတာပညာရှင်များ ပေါ်ထွက်လာရေးတို့အတွက်
နည်းပညာ ဟောပြောပွဲများကို အခါအားလျော်စွာ ကျင်းပပေးလျှက်ရှိပါသည်။ ဤဟောပြောပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း က မန္တလေးတိုင်းအတွက် ကမကထပြု စီစဉ် ကျင်းပပေးခြင်း ဖြစ်ပါသည်။ ထို့အတူ မြန်မာနိုင်ငံအသင်းအနေဖြင့် အခြားတိုင်းနှင့် ပြည်နယ်များသို့လည်း တစ်နှစ်တစ်ကြိမ်ကျ ဟောပြောပွဲများကို ကမကထပြု ကျင်းပပေးလျှက်ရှိပါသည်။
ယခုဟောမည့် ပုဂိ္ဂုလ်များသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များလည်း ဖြစ်ကြသလို မြန်မာနိုင်ငံ၏ ITကဏ္ဍကို ဖော်ဆောင်လျှက်ရှိသည့် ကုမ္ပဏီကြီးများမှ ဦးဆောင်ပုဂ်္ဂိုလ်များလည်း ဖြစ်ကြပါသည်။
ယနေ့ လူငယ်များ၏ အနာဂတ်အတွက် သူတို့ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ ပေးဆပ်ခဲ့ရမှုတွေ၊ ကိုယ်စိတ်နှလုံး အတွေ့အကြုံတွေကိုမျှဝေခံစားပြီး တိုးတက်စေချင်တဲ့ ဆန္ဒနဲ့ ဟောပြောပေးခြင်းဖြစ်ပါတယ်။

ဆွေးနွေးမည့် ခေါင်းစဉ်များနှင့် ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ….

၁။ Ways of Learning Programming
ဦးဝင်းထိန်ဝင်း(Auditor [MCPA], MD [Gusto])

၂။ Foundation of Software Development
ဦးဇော်မိုးထွန်း (EC [MCPA], Technical Director [MIT])

၃။ Essential Skill and Knowledge of Software Engineering
ဦးရဲရင့်ဝင်း(Joint-Secretary [MCPA], MD [BizSoft])

၎။ Current Application Development Trend
ဦးထွန်းခိုင် (EC [MCPA], Director [Integra])

နေရာ : ဆရာဝန်အသင်းတိုက်၊၃၁လမ်း နှင့် ၇၀လမ်းဒေါင့်၊ မန္တလေး။

ရက်စွဲ : ၂၇ ရက်၊ ဇွန်လ၊ ၂၀၀၉ (စနေနေ့)

အချိန် : နံနက် (၈း၃၀) နာရီတိတိ။


My Lables: IT News, Mandalay, Myanmar,

မန္တလေးမှာ... (Mandalay News + Gossips)

Tuesday, June 16, 2009

မန္တလေးမှာ... (Mandalay News)
ရာသီဥတုက အရမ်းကို ပူတယ်... မနက် ရုံးမလာခင် ရေချိုး၊ ညနေ ရုံးပြန်ရောက် ရေချိုး တာနဲ့တောင် မလုံလောက်ချင်တော့ဘူး... အိပ်ခါနီးတောင် ရေချိုးရတော့မယ် ထင့်ပါ့ဗျာ... ကလေးတွေလည်း ပူလွန်းလို့ ည ည မအိပ်နိုင်ကြဘူး... ရာသီဥတု ပူလို့ထင်ပါရဲ့ သက်ကြီးရွယ်အိုတွေ ဖိတ်စင်တာတွေ ကြားနေရတယ်... သူငယ်ချင်း အဖွားတောင် မနေ့က ဆုံးသွားတယ်...

မန္တလေးမှာ... (Mandalay News)
သိပြီးသား ဖြစ်ကြမှာပါ... ဒီလ
၂၁-ရက်ကနေစပြီး မန္တလေး စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာ ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တော့မှာပါ... ရောင်းချသူရော သုံးစွဲသူရောပါ အရေးယူ ဆောင်ရွက်တော့မှာ ဖြစ်တယ် လို့ သိရပါတယ်... ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တာကိုတော့ ကြိုဆိုပါတယ်... ချက်ချင်းကြီး အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတော့ ကြွတ်ကြွတ်အိတ် နဲ့ အသားကျနေတဲ့ မြို့သူ မြို့သားတွေနဲ့တော့ ခက်တော့မှာပဲ... လက်ဖက်ရည်ဝယ်သွားမယ်ဆို ခါတိုင်းလို လက်ဗလာကြီး သွားလို့ မဖြစ်တော့ဘူး ကြွတ်ကြွတ်အိတ် မထွန်းကားခင်ကလို တလုံးချိုင့်လေး ယူသွားမှရတော့မယ်... ယခင်နှစ်ကလည်း ကွမ်းယာကို ပလတ်စတစ်အိတ်နဲ့ထုပ် ပေးခြင်းကို ကန့်သတ် ခဲ့ပေမယ့်လည်း အခုအချိန်အထိ အသုံးပြုနေဆဲပါ...

မန္တလေးမှာ... (Mandalay Gossips - မန္တလေး ကောလဟလ)
အလယ်တန်း ကျောင်းသူအရွယ် ....................................... တရာခံများကို ဖမ်းမိပြီဖြစ်ကြောင်းလည်း ကောလဟလ ထွက်ပေါ်နေပါတယ်...
ဒီကောလဟလ ကို မဖော်ပြချင်တဲ့အတွက် ရေးပြီးမှ ပြန်ဖျက်လိုက်ပါတယ်...


My Labels: Mandalay News, Gossips, Burma Myanmar News & Gossips

မှတ်ထားဦးမှ... (IT Tips and Tricks)

Friday, June 12, 2009

» Symantec Endpoint ပရိုတက်ရှင်း (client) နဲ့ Symantec Endpoint ပရိုတက်ရှင်း မန်နေဂျာ (server) ချိတ်လား မချိတ်လား သိချင်ရင် Symantec Endpoint ပရိုတက်ရှင်း တင်ထားတဲ့ client ရဲ့ Internet Browser မှာ http://ဆာဗာလိပ်စာ-or-ip-address/secars/secars?hello,secars ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ... OK. လို့ပြန်ပြရင် ဆာဗာနဲ့ client ချိတ်ဆက်မှု ရှိတယ်...


» Symantec Endpoint ပရိုတက်ရှင်းမှာ definition update လုပ်မယ်ဆိုရင် http://www.symantec.com/business/security_response/definitions/download/detail.jsp?gid=savce က .jdb ဖိုင်ကို download လုပ်ပြီး C:\Program Files\Symantec\Symantec Endpoint Protection Manager\data\inbox\content\incoming အောက် ထည့်လိုက်တာနဲ့ ဆာဗာနဲ့ချိတ်ဆက်နေတဲ့ client တွေမှာမှာ definition update လိုက်ဖြစ်သွားတယ်...


» Symantec Antivirus Corporate Server မှာ definition update လုပ်မယ်ဆိုရင် အပေါ် URL ထဲက .xdb ဖိုင်ကို download လုပ်ပြီး C:\Program Files\Symantec AntiVirus အောက် ထည့်လိုက်တာနဲ့ ဆာဗာနဲ့ချိတ်ဆက်နေတဲ့ client တွေမှာမှာ definition update လိုက်ဖြစ်သွားတယ်...


My Labels: AntiVirus, IT Tips and Tricks, server, clients

ဒါနဲ့စကားမစပ်...

Wednesday, June 03, 2009

ဒါနဲ့စကားမစပ်...

ကျတော့် ဘလော့တွင် အောက်ပါအတိုင်း ကြေငြာထားသော်လည်း ပြည်တွင်းဂျာနယ် အချို့သည် အသိမပေး အကြောင်းမကြားဘဲ သုံးစွဲနေသည့်အပြင် ကျတော့်အား နစ်နာစေနိုင်သည့် အရေးအသားမျိုးနှင့်ပါ ရေးသား နေသည်ကို စိတ်မကောင်းစွာ တွေ့ရှိနေရပါသည်...

http://maunghla.googlepages.com/info_k.gif
“မောင်လှ ဖန်တီးထားသော စာများ၊ ပုံများ၊ ဒီဇိုင်းများနှင့် ဖန်တီးမှုများကို လွတ်လပ်စွာ အခမဲ့ အသုံးပြုနိုင်သည်။ သို့သော် စီးပွားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စီးပွားရေးဆန်သော လုပ်ငန်းများနှင့် သတင်း မီဒီယာ အမျိုးမျိုးတွင် အသုံးပြုမည်ဆိုပါက အသုံးပြုခွင့် ကြိုတင်တောင်းခံကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။”


ဒါနဲ့စကားမစပ်...
ကျတော်တို့ မန္တလေးမှာလေ မိုးရွာလိုက်၊ နေပူလိုက်နဲ့ပေါ့ဗျာ... ဇွန်လ ၁-ရက်နေ့ မနက် ကျောင်းဖွင့်ချိန်မှာ မိုးတွေသည်းလို့ ကျောင်းစတက်မယ့် ကလေးတွေလည်း ရှိုးစမိုးနဲ့ ကျောင်းကို မသွားနိုင်ဘူး ဖြစ်နေတယ်... မိုးရွာပေမယ့်လည်း အပူချိန်ကတော့ ပူနေမြဲပဲ...


ဒါနဲ့စကားမစပ်...
လောကအလှ မဂ္ဂဇင်းက အင်တာဗျူးများကို ပြည်တွင်းထုတ် Personal Computer မဂ္ဂဇင်းက မည်သည့် ခွင့်ပြုချက်မှ တောင်းခံခြင်း၊ အကြောင်းကြားခြင်းမရှိဘဲ အသုံးပြုထားသည့် အတွက် လောကအလှ အယ်ဒီတာ အဖွဲ့မှ ယင်း PC မဂ္ဂဇင်းအား တရားဥပဒေအရ တရားစွဲဆိုမယ်လို့ သိရကြောင်းပါ...
PC မဂ္ဂဇင်းမှ ကိုးကားရေးသား ထားသည် ဆိုသော်လည်း လောကအလှမှ မေးထားသည့် မေးခွန်းများကို ဖြုတ်ပြီး ဖြေကြားချက်များကို ၏ သည် မရွေး ပြန်လည် အသုံးပြုထားသည်ကို တွေ့ရပါသည်...



မန္တလေးတောင်ပေါ်တက်ခဲ့တယ်...

Tuesday, May 26, 2009

ကင်မရာ စကိုင်ကတည်းက မန္တလေးတောင်ပေါ်ကနေ ဓာတ်ပုံမရိုက်ဖူးသေးလို့ ချိန်းတိုင်း မရောက်ဖြစ်တာနဲ့... ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုဂျေ (ခ) သခင်ကြီးညီမင်းစံ (ခ) ပုဂံနက် ဗိုလ်အောင်ဒင် ၊ ညီညီ ၊ ကိုရှုမောင် တို့နဲ့အတူ မန္တလေးတောင်မှာ ဓာတ်ပုံရိုက်ခဲ့ကြတယ်... မန္တလေးတောင်ပေါ်မှာ DJ Clean တို့နဲ့ပါ ဆုံခဲ့သေးတယ်... မိုးသားတွေ တက်လာမှန်း သိပေမယ့်လည်း မရောက်ရောက်အောင် သွားခဲ့တယ်... ဓာတ်ပုံရိုက်နေတုန်း သိပ်မကြာပါဘူး... မိုးတွေ ရွာချလာတယ်... ညဘက်ဆက်ရိုက်ချင်လို့ မိုးတိတ်မလား စောင့်နေတာ ဆိုင်ကယ်အပ်ခံတဲ့ ကောင်လေးတွေက ကျွန်တော်တို့ ပြန်ချင်လို့ပါ အကိုတို့ ဆိုင်ကယ်တွေ ဇတ်သော့လာခတ်လှည့်ပါဆိုလို့ မထူးပါဘူးဆိုပြီး မိုးသည်းသည်းထဲမှာ တောင်ပေါ်ကနေ ပြန်ဆင်းခဲ့ရတယ်... ရွာလိုက်တဲ့မိုး... သည်းလိုက်တဲ့မိုး...



Mandalay Panorama from Mandalay Hill [Click Photo for Large Size]



ပြိုတော့မယ် မိုးတိမ်တောင်

My Labels: Photo, Mandalay Hill

လယ်ယာတောဆီ ချီတက်စဉ်...

Tuesday, May 19, 2009

လယ်ယာတောဆီ ချီတက်စဉ်

My Labels: Photo, Ava City, Innwa City, အင်းဝ, အဝ